ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ပြင်းအားပမာဏ ၅ ဒသမ ၉ ငလျင်လှုပ်ခတ်မှုဖြစ်ပွား

စက်တင်ဘာ ၂၂

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားသဖြင့် အဆောက်အဦများပျက်စီးသွားပြီး ဒေသခံများ ကြောက်လန့်တုန်လှုပ်သွားခဲ့သည်ဟု သိရသည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့အနီးတွင် ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်က ပြင်းအား ၅ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန်ဘူမိဗေဒစစ်တမ်းက ဆိုသည်။

ဆစ်ဒနီ၊ အဒီလာဒီနှင့် တာ့မာနီရာမြို့တို့အပါအဝင် ဩစတြေးလျအရှေ့တောင်ပိုင်းဒေသတော်တော်များများတွင် အဆိုပါငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။

ဩစတြေးလျဘူမိဗေဒအာဏာပိုင်များက ထိုငလျင်လှုပ်ခတ်မှုသည် နိုင်ငံအတွင်းရှိ စံချိန်တင်ပြင်းအားများသောငလျင်လှုပ်ခတ်မှုများအနက် တစ်ခုဖြစ်သည်ဟု ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို