ဩစတြေးလျ နိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို အလောတကြီး လုပ်ဆောင်မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်ပြော

၅ ဇန်နဝါရီ

 

 

ဩစတြေးလျ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို အလောတကြီး လုပ်ဆောင်မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် က ဒီနေ့(အင်္ဂါနေ့)မှာ ပြောကြားပါတယ်။

 

 

နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို လုပ်ဆောင်နေပြီဖြစ်ပေမယ့် ဩစတြေးလျနိုင်ငံ ဆေးဝါးဆိုင်ရာ တာဝန်ရှိသူတွေက နောက်လအထိ ကာကွယ်ဆေးကို သုံးစွဲခွင့် ခွင့်ပြုသွားမှာ မဟုတ်ကြောင်းနဲ့ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် ထိုးနှံရေးကို မတ်လကုန်ပိုင်းမှာ စတင်ဖို့ ရည်မှန်းထားပါတယ်။

 

 

ဝန်ကြီးချုပ် မော်ရစ်ဆင်က ဩစတြေးလျရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ရေး အခြေအနေဟာ ဗြိတိန်နိုင်ငံလိုမျိုး မဟုတ်တဲ့အတွက် အရေးပေါ် ဆုံးဖြတ်ရန် မလိုကြောင်း၊ မလိုအပ်ဘဲ အန္တရာယ် မကင်းတဲ့ အရာမျိုး မလုပ်နိုင်ကြောင်း သတင်းဌာနကို ပြောကြားပါတယ်။

 

 

လူဦးရေ ၂၅ သန်းနေထိုင်တဲ့ ဩစတြေးလျနိုင်ငံက Oxford/AstraZeneca ထုတ်ကာကွယ်ဆေး ၅၄ သန်း ဝယ်ဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေး ၃.၈ သန်းကို ဒီနှစ်ဆန်းပိုင်းမှာ Oxford/AstraZeneca က ဩစတြေးလျကို ပေးပို့ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

 

 

Novavax မှ ထုတ်လုပ်မယ့် ကာကွယ် ၅၁ သန်း နဲ့ Pfizer/BioNTech မှ ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူရေးကိုလည်း သဘောတူထားပြီးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn