နယူးဇီလန်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရမှု မရှိ

၃ ဇူလိုင်

 

 

နယူးဇီလန်နိုင်ငံတွင် ဇူလိုင် ၃ ရက်နေ့တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်မှု မရှိဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

နိုင်ငံအတွင်း လက်ရှိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၈ ဦး ရှိနေပြီး ၎င်းတို့ကို သီးသန့်ခွဲခြားထားသော နေရာတွင် ထားရှိသည်။

 

 

လူအုပ်စုအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှု မရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

နယူးဇီလန်တွင် ကိုဗစ်-၁၉ အတည်ပြု ကူးစက်ခံရမှုပေါင်း ၁၁၈၀ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ သတင်းပေးပို့ထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 

ကိုဗစ်-၁၉ ကူးစက်ခံရသူတစ်ဦးမှာ အော့ကလန်စီးတီး ဆေးရုံတွင် တက်ရောက်နေပြီး အခြေအနေ တည်ငြိမ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

 

နယူးဇီလန်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ပြီး သေဆုံးသူ အရေအတွက် ၂၂ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို