နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၉၅၃ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၁

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၉၅၃ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၃၈၃ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲလူနာ ၇၆၇ ဦးရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူဦးရေ ၂၀ ရှိသည်ဟု သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၂ ဦး ထပ်မံသေဆုံးခဲ့သည်။

 

နိုင်ငံအတွင်း ၂၀၂၀ ခုနှစ် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားခဲ့ရာ ယနေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၉၅၀၈ ဦးရှိသည်ဟု အတည်ပြုထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို