နယ်သာလန်နိုင်ငံဟာ EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကာကွယ်ဆေးထိုးနှံရေးအစီစဉ် စတင်တဲ့ နောက်ဆုံးနိုင်ငံဖြစ်လာ

၆ ဇန်နဝါရီ

 

နယ်သာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား စောင့်ရှောက်ရေးဂေဟာမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ပထမဆုံးအနေနဲ့ စတင်ထိုးနှံပေးလိုက်ကြောင်း သိရပါတယ်။ 

 

နယ်သာလန်ဟာ EU အဖွဲ့ဝင် ၂၇ နိုင်ငံထဲမှာ ကာကွယ်ဆေးထိုးနှံရေးအစီစဉ် စတင်တဲ့ နောက်ဆုံးနိုင်ငံဖြစ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

စောင့်ရှောက်ရေးဂေဟာမှ ဝန်ထမ်း အသက် ၃၉ နှစ်အရွယ် ဆန်နာ အယ်ကာဒီရီ အား တာဝန်ရှိသူတွေရှေ့တွင် ကာကွယ်ထိုးပေးခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ဒီအခြေအနေဟာ အလွန်အံအားသင့်စရာကောင်းကြောင်း၊ ၁၀ လကြာ ကပ်ရောဂါနဲ့ ရင်ဆိုင်ရပြီးနောက် အဲဒီအခက်အခဲကို အဆုံးသတ်မဲ့ အစပိုင်းဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို ဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းအား ထိုးနှံပေးရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

 

EU အဖွဲ့ဝင်နိုင်ငံအများစုဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့အတွက် နယ်သာလန်နိုင်ငံဟာ သီတင်းနှစ်ပတ်လောက် နောက်ကျကြောင်း၊ ဗြိတိန်နိုင်ငံထက် တစ်လနီးပါး နောက်ကျတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

လူဦးရေ ၁၇ သန်းကျော်နေထိုင်တဲ့ နယ်သာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈၃၄,၀၆၄ ဦးနဲ့ သေဆုံးသူ ၁၁,၈၂၆ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန်အတွက် ဒီဇင်ဘာလလယ်ပိုင်းကစပြီး အတင်းကျပ်ဆုံး အသွားအလာ ကန့်သတ်မှုနဲ့အတူ ကျောင်းတွေ၊ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေ အားလုံးပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံသားတွေအားလုံးကိုလည်း နေအိမ်မှာပဲနေရန် အကြံပြုထားပါတယ်။ အဲဒီအမိန့်ဟာ ကပ်ရောဂါစတင်ချိန်ကစပြီး အတင်းကျပ်ဆုံး အမိန့်ဖြစ်တယ်လို့ သိရပါတယ်။ 

 

MDN

ကိုးကား - AFP

 

mdn