နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် သ င်တန်းတက်ရောက်ရန် သင်တန်းသူများ ဖိတ်ခေါ်လျှက်ရှိ

ပုသိမ် ၂၃ စက်တင်ဘာ        
  

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် နယ်စပ်ရေးရာဝန်ုကြီးဌာနမှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အခြေခံနှင့် အဆင့်မြင့် အိမ်တွင်းမှု သင်တန်း၊ ဧည့်ကြိုအိပ်ခန်းဆောင်၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု သင်တန်းများကို နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။


အိမ်တွင်းမှု သင်တန်းတက်ရောက်လိုသူများသည် အသက်(၁၆)နှစ်မှ(၃၀)နှစ်အတွင်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်း တက်ရောက်လိုသူများသည် အသက်(၁၈)နှစ်မှ(၂၅)နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ပညာအရည်အချင်း(၈)တန်း အောင်မြင်သူများ လျှောက်ထားနိုင်မည် ဖြစ်သည်။


ဟိုတယ်ဝန်ဆောင်မှု သင်တန်းကာလမှာ စာတွေ့(၃)လခွဲ လက်တွေ့(၃)လ ကြာမြင့်မည်ဖြစ်ပြီး အဆင့်မြင့်စက်ချုပ်သင်တန်း သင်တန်းကာလမှာ (၁၈)ပတ် ကြာမြင့်မည်ဖြစ်သည်။


သင်တန်းသူများအား ဝန်ဆောင်မှုအနေဖြင့် သင်တန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်း၊ နေ့စဉ်စားစရိတ်၊ နယ်ဝေးသင်တန်းသူများအတွက် အပြန်ခရီးစရိတ်များ ထောက်ပံ့ပေးသွားမည့်အပြင် သင်တန်းပြီးဆုံးပါက အပ်ချုပ်စက်များကို (၁)နှစ်ဆိုင်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ပုသိမ်ခရိုင်ပြန်/ဆက်