နယ်စပ်ရေးရာဝန်ကြီးဌာနမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ အထက ကျောင်းဝန်းအတွင်း၌ (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေး

နေပြည်တော်  ၂၆ ဇူလိုင် 

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေကျပ် ၁၆၇ ဒဿမ ၄၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ရှိ အခြေခံပညာအထက်အတန်းကျောင်း ကျောင်းဝန်းအတွင်း ၌ ဆောင်ရွက်လျက် ရှိသည့် အလျား ပေ(၉၀)၊ အနံ ပေ (၃၀) Steel Structure (၂)ထပ် ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် စစ်ကိုင်းတိုင်း ‌ဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းရွှေ နှင့် ခေတ္ထနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းတို့မှ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ အခြေခံပညာအထက်တန်း‌ကျောင်း၌ လဟယ်မြို့နယ်မှ ကျောင်းသူ/ကျောင်း သား (၁၇၀၃)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)