နယ်စပ်အနီး တပ်များဖြန့်ထားမည်ဟု မြောက်ကိုရီးယား ပြောကြား

၁၇ ဇွန်

 

ကိုရီးယားနှစ်နိုင်ငံအကြား ပူးတွဲစီမံကိန်းများ တည်ရှိရာ တောင်ကိုရီးယားနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဧရိယာနှစ်ခုအတွင်း စစ်တပ်များ တပ်ဖြန့်မည်ဟု မြောက်ကိုရီးယားနိုင်ငံက ပြောသည်။

 

ယနေ့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းမီဒီယာများက ကိုရီးယားပြည်သူ့တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို ကိုးကား၍ ထိုသို့ဖော်ပြခဲ့ခြင်းသည်။

 

အဆိုပါသတင်းအရ မြောက်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ခွန်ဂန်တောင် ကမ္ဘာ့လှည့်ခရီးသွားနယ် မြေနှင့် အနောက်တောင်ပိုင်းရှိ ကေဆောင်စက်မှုဇုန်တို့တွင် တပ်ဖွဲ့များ ဖြန့်ကြက်မည်ဖြစ်ဟု သိရသည်။

 

နယ်စပ်ရှိ စစ်မဲ့ဇုန်အတွင်း ပြန်လည်ဝင်ရောက်မည့် လုပ်ငန်းစီမံချက်တစ်ရပ်ကို ပြန်လည်သုံးသပ်နေကြောင်း မြောက်ကိုရီးယား တပ်မတော်က သတိပေးပြီးနောက် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါကြေညာချက်တွင် နယ်နမိတ်သတ်မှတ်ထားသည့် မျဉ်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည့် အစီအစဉ်လည်း ဖော်ပြခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်