နျူကလီးယားစစ်ပွဲခြိမ်းခြောက်မှုများ သမိုင်းကနေ သင်ခန်းစာယူကြရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ် တိုက်တွန်း

 

ဗာတီကန် အောက်တိုဘာ ၁၀

 

နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုများနှင့်ပတ်သက် ပြီး သမိုင်းကနေ သင်ခန်းစာယူကြရန်နှင့် ငြိမ်းချမ်းသောလမ်းစဉ်ကို  ရွေးချယ်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာကိုတိုက်တွန်းလိုက်ကြောင်း အောက်တိုဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 

၁၉၆၀ ပြည့်နှစ်များက ဒုတိယဗာတီကန်ကောင်စီကို ပြန်ကြည့်မည်ဆိုလျှင် ထိုအချိန်က ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော နျူကလီးယားစစ်ပွဲ၏ အန္တရာယ်ကို မမေ့နိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောသည်။ ထိုအချိန်အခါက ပဋိပက္ခများစွာနှင့် ပြင်းထန်သောတင်းမာမှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းသောလမ်းစဉ်ကိုသာ ရွေးချယ်ခဲ့ကြကြောင်း အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ဆက်ပြောသည်။

 

ကမ္ဘာကြီးအနေဖြင့် နျူကလီးယားစစ်ပွဲဖြစ်မည့် အလားအလာနှင့် ရင်ဆိုင်နေရကြောင်း အောက်တို ဘာ ၆ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားထားသည်။

 

ထို့အပြင် ပုပ်ရဟန်းမင်းကြီးက ထိုင်းနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်လုပ်ရပ်အတွက်လည်း ဆုတောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်မှာ အောက်တိုဘာ ၆ ရက်တွင် မူကြိုကလေးထိန်းကျောင်း၌ အလုပ်ထုတ်ခံရသော ရဲအရာ ရှိဟောင်းတစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ကလေးငယ် ၂၄ ဦးအပါအဝင် လူပေါင်း ၃၆ ဦးအထိ သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

အေအက်ဖ်ပီ