နတ်တလင်းမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် ကြက်ခြံမီးလောင်မှုဖြစ်ပွား

နတ်တလင်း  ၁၄ မေ 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရွှေကြာပင်ရွာ တောင်ပိုင်း လယ်ကွင်းထဲတွင် ဆောက်လုပ်ထားသော အသားတိုးမွေးမြူရေးကြက်ခြံတွင် ယနေ့ နံနက် ၂ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အလျားပေ ၇၀၊ အနံပေ ၂၀၊ အမြင့်ပေ ၂၀ ရှိ အဆိုပါ ကြက်ခြံနှင့်တွဲလျက်ရှိသည့် မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကြက်များ ရောင်းထုတ်ပြီးဖြစ်သဖြင့် ကြက်ခြံ အဆောက်အအုံသာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မီးလောင်ရာသို့ ရွာဦးဘုန်းကြီးကျောင်းအနီး ထီးတော်တင်ပွဲမှ လုံခြုံရေးဝန်ထမ်းများ၊ တာပွန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ထီးတင်ပွဲလာပြည်သူများ၊ တာပွန်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။


တင်မြင့် (နတ်တလင်း)