နတ်တလင်းမြို့နယ် ရန်ကုန်- ပြည်လမ်းတွင် ကုန်တင်ကားတစ်စီး အရှိန်လွန် တိမ်းမှောက်

နတ်တလင်း  ၂၆  သြဂုတ် 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ရတနာပုံမန္တလေးကျောင်းတိုက်ရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ပြည်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ရန်ကုန်-ပြည်လမ်းအတိုင်း ယာဉ်မောင်း အေးလွင် (၄၈)နှစ် ရေနံချောင်းမြို့နယ်နေသူ မောင်းနှင်လာသော 4M/-----  ၆ ဘီးကုန်တင်ယာဉ်သည် ရတနာပုံမန္တလေးကျောင်းတိုက် ရှေ့တွင် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းရာမှ အရှိန်လွန်ပြီး ယာဘက်လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်ပြီး ရေမြောင်းထဲထိုးကျသွား ခြင်းဖြစ်သည်။ 


ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ယာဉ်မောင်းဖြစ်သူအား အရေးယူလျက်ရှိကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။ 


MDN