နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

နတ်မောက် စက်တင်ဘာ ၂၉

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီးများအား ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၇ ရက်မှစတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် အိုင်ဇောက်ကျေးရွာအုပ်စု၊ ပ/ဂွေးချိုကျေးရွာ၊ တွင်းကြီးကျေးရွာ၊ ချောင်းနက်ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူ (၂၆၁)ဦးသို့ စပါး (၁၂)ဧက၊ နှမ်း (၁၀၆၇)ဧက၊ မြေပဲ (၄၂၂)ဧကအတွက် ချေးငွေပမာဏကျပ် ၁၅၀၇ သိန်း ထုတ်ချေးပေးလျက်ရှိပြီး စက်တင်ဘာ ၂၈ ရက်အထိ ကျေးရွာအုပ်စု (၆၄)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ (၇၆၈၄)ဦးသို့ စပါး (၂၄၂၅)ဧက၊ နှမ်း (၃၆၉၈၈)ဧက၊ မြေပဲ (၆၀၃)ဧကအတွက် ချေးငွေကျပ် ၄၀၈၀၆ ဒသမ ၅၀ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။

 

သင်းသင်းမြတ်