နတ်မောက်မြို့နယ် ကျေးရွာများသို့ ကျေးရွာသန့်ရှင်းသာယာရေးအတွက် အမှိုက်ပုံးများပေးအပ်

နတ်မောက် ၈ မတ် 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ One State One Township Project လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ကြီးကြပ်၍ ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာနှင့် ပိတောက်ငုတ်ရွာလေး ကျေးရွာများသို့ ကျေးရွာသန့်ရှင်းသာယာရေးအတွက် အမှိုက်ပုံးများ ပေးအပ်ခဲ့ကြသည်။    

 

2107



ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌတို့က တံခွန်တိုင်ကျေးရွာအတွက် အမှိုက်ပုံး (၁၀)ပုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကိုလည်းကောင်း၊ ပိတောက်ငုတ်ရွာလေး ကျေးရွာအတွက် အမှိုက်ပုံး (၁၀)ပုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းကိုလည်းကောင်း ကျေးရွာသန့်ရှင်းသာယာရေးအတွက် အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

လှဝင်း(နတ်မောက်)