နတ်မောက်မြို့နယ် ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား (၁၆)ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားနှင့်    ပါးစပ်၊ နှာခေါင်းစည်းများ လှူဒါန်း

နတ်မောက်  ၂   စက်တင်ဘာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား (၁၆)ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားများ လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအသင်းမှ ယမန်နေ့   ည‌နေပိုင်းက  ရေယိုကျေးရွာ ဦးဘိုဖြူနေအိမ် တွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။                                                                                                                                                           

နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းက ရေယိုကျေးရွာအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုများ အား  ဆန်၊ ဆီ ၊ဆားများလှူဒါန်းရာတွင် ရေယိုကျေးရွာ ဝင်ငွေနည်းအိမ်ထောင်စု(၅၀)စုအတွက် အိမ်ထောင်စု တစ်စု လျှင်  ဆန်(၃)ပြည်၊ ဆီ ငါးဆယ်သား(၁)ဘူးနှင့် ဆားတစ်ထုပ်တို့ကို လှူဒါန်းပေးခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် အဝတ်နှာခေါင်းစည်း(Mask) များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်၊၊    


 လှဝင်း(နတ်မောက်)