နတ်မောက်မြို့နယ် ကျေးလက်ဒေသ ရေရရှိရေးအရင်းအမြစ်စစ်တမ်းများ ကောက်ယူမှုပြုလုပ်

နတ်မောက် ၁၁ နိုဝင်ဘာ                                             

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများကို သောက်သုံးရေဖူလုံစွာ ရရှိစေရန်ရည်ရွယ်၍ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ညောင်ကျပ္ပင်ကျေးရွာ၌ ရေရရှိရေးဆိုင်ရာ အချက်အလက်များကို ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။       

                                                           

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာ၌ အသုံးပြုသည့် Rural Water Supply Management Information System-MIS Software ဖြင့် ကျေးရွာများတွင် လက်ရှိရေရရှိမှု အခြေအနေများ၊ ရေအရင်းအမြစ်စစ်တမ်းများ၊ ကျေးရွာရေရရှိရေးဆိုင်ရာ အ ချက်အလက်များကို ကွင်းဆင်းကောက်ယူခဲ့သည်။ နတ်မောက်မြို့နယ်တွင် ကျေးရွာပေါင်း(၂၃၄)ရွာရှိပြီး အဆို ပါကျေးရွာများမှ ရေရရှိရေးဆိုင်ရာ အချက်အလက်များကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)