နတ်မောက်မြို့၌ သားအိမ်ခေါင်းကင်ဆာ အကြောင်းဟောပြော

နတ်မောက် ၁၂ မေ 

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ရင်ခင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး သားအိမ်ခေါင်းကင်ဆာအကြောင်း ဟောပြောခြင်းနှင့် သာအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ရှာဖွေစစ်ဆေးခြင်းကို မေ ၁၂ ရက် နံနက် ၁၀ နာရီက နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီကော်မတီ မကွေးတိုင်းဒေသကြီးမှ မီးယပ်နှင့်သားဖွားပါမောက္ခ ဆရာမကြီး ဒေါက်တာဒေါ်ခင်မေသင်းက သားအိမ်ခေါင်းကင်ဆာ အကြောင်းသိကောင်းစရာများကို ရှင်းလင်းခြင်းနှင့် ကင်ဆာမဖြစ်ခင်အဆင့်ကို သိရှိနိုင်ရန် စစ်ဆေးရာတွင် စစ်ဆေးသင့်သော နှစ်အပိုင်းအခြင်းစတင် စစ်ဆေးသင့်သောနည်းများကို ရှင်းလင်းပြောကြားပြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် သားအိမ်းခေါင်းကင်ဆာ ကာကွယ်ရေးဆေးခန်း၌ အပတ်စဉ်ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ၊ မကွေးသင်ကြားရေး ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးခန်း၌ အပတ်စဉ်အင်္ဂါနေ့နေ့လည်၁နာရီနှင့်မင်းဘူးပြည်သူ့ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးခန်း၌ အပတ်စဉ် ကြာသပတေးနေ့ နေ့လယ် ၂ နာရီအချိန်များတွင် ကုသပေးနေကြောင်း အသိပညာပေး ပြောခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသည့် အိမ်ထောင်သည်မိခင်(၃၀ဝ)ခန့်အား သားအိမ်ခေါင်းကင်ဆာရှိ/ မရှိကို မီးယပ်နှင့်သားဖွား ဆရာမကြီးများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောက်ရှောက်ရေးအသင်း၊ နတ်မောက်မြို့ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူနှင့် ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)