နတ်မောက်မြို့၌ နယ်စပ်ဒေသမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး                                                      

နတ်မောက်၊ ၁၈ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး နယ်စပ်ဒေသမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများအား နတ်မောက်မြို့ပေါ်ရှိ အရောင်းဆိုင်များနှင့်  မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိ အရောင်းဆိုင်များတွင် ရောင်းချခြင်းရှိ/ မရှိ ယမန်နေ့  မွန်းလွဲ ၃ နာရီခန့်က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။   

                                    

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးသိန်းစိုး နှင့် မြို့မ စည်ပင်သာယာရေးဈေး တာဝန်ခံတို့က နယ်စပ်ဒေသမှ တရားမဝင်တင်သွင်းလာသည့် ဂျပန်နိုင်ငံထုတ်  Rinnal အမှတ်တံဆိပ် ဂတ်(စ်) မီးဖို၊ ရေပူချိုးစက်၊ ညှော်စုပ်စက်၊ အကင်စက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ် မီးပူနှင့် အခြားအိမ်သုံးပစ္စည်းများအား ရှောင်းချခြင်းရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။    

 

လှဝင်း  (နတ်မောက်)