နတ်ကြီးကုန်းရပ်ကွက်၌ လျှပ်စစ်မီးပလပ်ခုံ ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၂ လုံး မီးလောင်ကျွမ်း

မိုးကောင်း ၁     ဇူလိုင် 


မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက် ရုံးဟောင်း အပိုင်း ၂ ၌ ယနေ့နံနက် ၃ နာရီ မိနစ် ၅၀ ခန့်တွင် နေအိမ် ၂ လုံး မီးလောင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်ရှိ အိမ်ပိုင်ရှင် ဒေါ်ထုဆမ်၏  ရုံးမိုး၊ ဝါးကြမ်းခင်း၊ ထရံကာ ၁၈ ပေ ပတ်လည်အိမ် လျှပ်စစ်မီးပလပ်ခုံ ဝါယာရှော့ဖြစ်ရာမှ  မီးလောင်မှုဖြစ်ပွားပြီး နောက်ဘက်ခြေရင်းမှ အိမ်ပိုင်ရှင် ဦးအက်စ်ဂွန်အောင်၏ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ ၂၀ ပေ x ၁၄ ပေအိမ် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။  


မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက  ရေသယ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 


သန်းလွင်ဦး (ပြန်/ဆက်)