မယ်စဲ့   ၁၄   မတ် 
အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄) နယ်စပ်ဂိတ်တို့မှာ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။