ညောင်ဦးမြို့ပေါ်ရှိ မြင်းလှည်းလုပ်ငန်းရှင်များအား မြင်းစာအိတ်နှင့် ဖွဲနုများ ထောက်ပံ့လှူဒါန်း

ညောင်ဦး ၃၁ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ပေါ်ရှိ မြင်းလှည်းလုပ်ငန်း လုပ်ကိုင်ကြသူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ခရီးသည်ပို့ဆောင်ရမှု လျော့နည်း၍ ဝင်ငွေနည်းပါးလာမှုအပေါ် အခက်အခဲ မဖြစ်စေရေးအတွက် ပုဂံမြို့သစ် Htoo & Phyu smart phone ပြုပြင်ရောင်းဝယ်ရေးမိသားစုက ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက မြင်းစာအိတ်နှင့် ဖွဲနုများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ ထောက်ပံ့လှူဒါန်းပေးရာတွင် မြင်းလှည်းလုပ်ငန်းလုပ်ကိုင်ကြသူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ ခရီးသည်ပို့ဆောင်ရမှု လျော့နည်းသွားသဖြင့် ဝင်ငွေနည်းပါးလာမှုအပေါ် အခက်အခဲ မဖြစ်စေရန်နှင့် မြင်းများအတွက် အစာဖူလုံစေရေးအတွက် ရည်ရွယ်ကာ ပုဂံမြို့သစ် Htoo & Phyu smart phone ပြုပြင်ရောင်းဝယ်ရေးမိသားစုက မြို့ပေါ်ရှိ မြင်းလှည်းလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦး၏ မြင်းကောင်ရေ (၂၁)ကောင်အတွက် မြင်းစာအိတ်တစ်အိတ်စီနှင့် ဖွဲနုတစ်ထုပ်စီ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)