ညောင်ဦး  ၁၉  မတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်သီးနှံဆွတ်ခူး ရောင်းချချိန်တွင် ဈေးကွက်ကောင်းမွန်ရန်နှင့် ဈေးနှုန်းကောင်းမွန်စေရေး မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

2

 

လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိ ကျေးရွာများတွင် စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်ခြင်းကြောင့် ဆွတ်ခူးရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာ စပျစ်သီးနှံစိုက်ပျိုးသည့် တောင်သူ ဦးလှငွေက ပြောသည်။

 

စပျစ်သီးနှံသည် မြန်မာမျိုးရင်းစပျစ်မရှိဘဲ ပြည်ပနိုင်ငံမျိုးရင်းများသာရှိပြီး စပျစ်မျိုးပေါင်း (၄၀)ကျော် ရှိရာ ရေရရှိသည့် ဒေသတိုင်းတွင် စိုက်ပျိုး၍ရကြောင်း၊ စမ်းသပ်စိုက်ပျိုးသည့် ဒေသများတွင် ရာသီဥတုဒဏ် ခံနိုင်သည့် အကြမ်းခံ စပျစ်မျိုးများကိုသာ ဦးစားပေးစိုက်ပျိုးဖို့ မျိုးရွေးချယ်ပေးကြောင်း၊ စပျစ်စိုက်ပျိုးမှု ကျွမ်းကျင်လာလျှင် ဈေးနှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး နည်းများ မျှဝေပေးကြောင်း မြန်မာနိုင်ငံအနှံ့အပြားတွင်  စပျစ်စိုက်ပျိုးနည်း၊ လက်တွေ့စိုက်ပျိုး နည်းများကို မျှဝေပေးနေသည့် ရမည်းသင်းမြို့မှ ကိုမင်းဆက်ပိုင်က ရှင်းပြသည်။

 

3

 

စပျစ်သီးနှံစိုက်ပျိုးရာတွင် ပျိုးပင်များအား တစ်ပင်နှင့်တစ်ပင် ခြောက်ပေအကွာ ကျင်းတူး စိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးသည့်လမှ ဆယ်လအကြာတွင် စတင်အသီးသီးပြီး ပထမဆုံး သီးသည့်အချိန်တွင် စပျစ်ပင်တစ်ပင်မှ စပျစ်သီး ငါးပိဿာခန့်သီးကြောင်း၊ သုံးနှစ်သားမှ ငါးနှစ်သား စပျစ်ပင်တစ်ပင်လျှင် စပျစ်သီး ၁၅ ပိဿာမှ ပိဿာ ၂၀ ထိထွက်ရှိသဖြင့် စမ်းသပ်စိုက်ပျိုးသည့် စပျစ်ခင်းပိုင်ရှင်များအနေဖြင့် အသီးအထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းကောင်းရန်သာ မျှော်လင့် နေကြကြောင်း သိရသည်။

 

စပျက်သီးနှံပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ် ၂၀ မှ နှစ် ၃၀ အထိ သက်တမ်းကြာရှည်ပြီး တစ်သီး သီးပြီးတိုင်း စပျစ်ကိုင်း စပျစ်နွယ်များဖြတ်ကာ ရောင်းချရကြောင်း၊ လေးလတစ်ကြိမ် အသီးဆွတ် ခူးရကာ အသီးစတင်ရင့်ချိန် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင် စတင်ဆွတ်ခူးရောင်းချကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

4