ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေး အခက်ကြုံနေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးမှု အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကျေးရွာများသို့ ယနေ့ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်အတွင်း နဘူးပြားတဲတိုက်၊ ကျားခုတ်တဲတိုက်၊ စီးကန်တဲတိုက်နှင့် စပါးသင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများနှင့်  ကြုံတွေ့နေသဖြင့်  ပုဂံမြို့ ရတနာဘုံစံ တောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတ ရေအလှူတော်အသင်းနှင့် သုမင်္ဂလာရေလှူအသင်းတို့မှ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

သောက်သုံးရေ လှူဒါန်းရာတွင် နဘူးပြားတဲတိုက်ရှိ ဒေသခံ ပြည်သူများအတွက် ရေဂါလံ(၁၅၀ဝ)၊ ကျားခုတ်တဲတိုက်ရှိ ဒေသခံ ပြည်သူများအတွက် ရေဂါလံ(၁၅၀ဝ)၊ စီးကန်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလံ(၁၅၀ဝ)နှင့် စပါးသင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ရေဂါလံ(၁၅၀ဝ) စုစုပေါင်း ရေဂါလံ (၆၀ဝ၀)အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)