ညောင်ဦးမြို့၊ငါ့သရောက်မြို့ ဆောင်းနှမ်းစိုက်ပျိုးသည့်တောင်သူများ နှမ်းဖြစ်ထွန်းမှုကွားခြားနေ

ညောင်ဦး  ၅ နိုဝင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ဆောင်းနှမ်းစိုက်ပျိုးသည့်တောင်သူများ နှမ်းဖြစ်ထွန်းမှုမတူညီခြင်းကြောင့် အထွက်နှုန်းမတူညီနိုင်ကြောင်း ဆောင်းနှမ်းစိုက်တောင်သူများ ထံမှ သိရသည်။

 

၅

 

ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့သည် အပူပိုင်းရပ်ဝန်း မိုးခေါင်ရေရှားရပ်ဝန်းတွင်ပါဝင်သော ဒေသတစ်ခုဖြစ်ကာ တစ်နှစ်ပတ်လုံးမိုးရေချိန် နှစ်ဆယ်လက်မအောက်သာရွာသွန်းသည်ဆိုသော် လည်း မိုးဥတုတွင် ဆယ့်ငါးလက်မအောက်သာအမြဲရွာသွန်းသည့်ဒေသဖြစ်ကြောင်း၊ ငါ့သရောက်မြို့ ရွှေလှံပျံရပ်နေ ဦးဝင်းလှိုင်ကပြောပြသည်။ ညောင်ဦးနယ်နှင့် ငါ့သရောက်နယ်သည် သီးနှံစိုက်ပျိုးရာတွင် မိုးရာသီတစ်ခုသာ အဓိကမှီခိုအားထားစိုက်ပျိုးကြသည့် တောင်သူ များပြားကြောင်း၊ မြစ်ရေတင် စိုက်ပျိုးရေရရှိသူများသာ ဆယ့်နှစ်ရာသီစိုက်ပျိုးရေး လုပ်ကိုင်ကြကြောင်း ညောင်ဦး မြို့နယ် တောင် ဖက်တန်းကျေးရွာနေ ဦးမင်းညိုက ရှင်းပြသည်။ မိုးသီးနှံစိုက်ပျိုးရာတွင်လည်း နှမ်းနှင့်မြေပဲ သာ အဓိက စိုက်ပျိုးကြကြောင်းနှင့် ပဲစင်းငုံ၊ ပြောင်းအနည်းငယ်သာ စိုက်ပျိုးကြကြောင်း သိရကာ ထန်းတောင်သူလည်း အလွန်နည်းပါး သွားကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံမှ သိရသည်။

 

ဆောင်းနှမ်းစိုက်ပျိုးရာတွင် တော်သလင်းလ(စက်တင်ဘာလ ၁၀ရက်အတွင်း အမီကြဲပက် စိုက်ပျိုးရကြောင်း သို့မှသာ ဆောင်းနှမ်းအောင်မြင်ဖြစ်ထွန်းကြောင်း စက်တင်ဘာ ၁၀ရက်နောက် ပိုင်းကြဲပက်စိုက်ပျိုးသည့် နှမ်းများအောင်မြင်ဖြစ်ထွန်းမှုနည်းပါးကြောင်းနှင့် ကပ်လျက်ရှိသော ဆောင်းနှမ်းခင်းများပင် အောင်မြင်ဖြစ်ထွန်းမှုမညီမျှသည်မှာ ကွက်ကြားမိုးရွာသွန်းမှုများကြောင့် ဖြစ်ကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ရှင်းပြသည်။ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့နယ်တွင် ကောင်းသည့်နှမ်းခင်းများသည် အလွန်ကောင်းကာ အသီးများအောင်သော် လည်း မကောင်းသည့်ဆောင်းနှမ်းခင်းများ၊ အပင်မဖြစ်ထွန်းသည့်နှမ်းခင်းများလည်း အများအပြား ရှိနေကြကြောင်း သိရသည်။  ဆောင်းနှမ်းစိုက်ပျိုးရာတွင် မိုးတစ်ကြိမ် နှစ်ကြိမ်မိရုံဖြင့် အဆင်ပြေ ကြောင်း၊ ကွက်ကြားမိုးရွာသွန်းခြင်းများကြောင့် နှမ်းခင်း ကောင်းတာခြင်းလည်း မတူညီကြောင်း၊ အချို့ဆောင်းနှမ်းစိုက်တောင်သူများသည် မနုတ်သိမ်းရမည့်အခြေအနေထိရှိနေပြီး   ဆောင်းနှမ်း များကို နှစ်စဉ် ဒီဇင်ဘာလတွင် နုတ်သိမ်းလေ့ရှိကြောင်း ဆောင်းနှမ်းစိုက် တောင်သူများ ထံမှ သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း