ညောင်ဦး ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ဧပြီ ၂၅ရက် နံနက်ပိုင်းထိ ၅၀၁၀၉၈ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ် နေရာအသီးသီး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးသူ ၂၄၅၉၄၇ ဦး ထိုးနှံပေးပြီးဖြစ်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၂၅၅၁၅၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀၁၀၉၈ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့် ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးလွင်က ရှင်းပြသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း