ညောင်တုန်းမြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ညောင်တုန်း  ၃၀  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

2

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကော်မတီအလိုက် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။

 

23

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က ကလေးစာပေပွဲတော် ကျင်းပနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဒေါ်ဝေဝေနွယ်က ကလေးစာပေပွဲတော် ကျင်းပရာတွင် အခြေခံပညာ ဦးစီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်လှိုင်၊ ကလေးစာပေပွဲတော် ကျင်းပရေး ကော်မတီဝင်များနှင့် ရပ်ကွက် (၁၀) ခု အသီးသီးမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

 

89

 

ညောင်တုန်းမြို့နယ်တွင် ကလေးစာပေပွဲတော်ကို အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပုံပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်း၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ ဦးဘဂျမ်း ရေးဆွဲခဲ့သော ကာတွန်းလက်ရာများ ပြခန်း၊ အသိပညာပေးပြခန်းများ၊ ကလေး စာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပြုလုပ် သွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)