ညောင်တုန်းမြို့၌ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ် (School Milk Program) အဖြစ် ကျောင်းသား၊ ကျောင်းသူများအား နို့တိုက်ကျွေး

ညောင်တုန်း    ၂၅         စက်တင်ဘာ               

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်း များတွင် နို့တိုက်ကျွေးရေးအစီအစဉ် (School Milk Program) အဖြစ် ကျောင်းသား၊ ကျောင်းသူများအား နို့တိုက် ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဆောင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဌေးနိုင်က ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံပညာကျောင်း များတွင် နို့တိုက်ကျွေးရေးအစီအစဉ် (School Milk Program) အဖြစ် ယခုလို အဟာရဖြစ်စေသော နွားနို့နှင့် ပေါင်မုန့် များကို တိုက်ကျွေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဌေးနိုင်၊ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်လွင်၊ အခွန်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းနိုင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်တို့သည် ကျောင်းသား၊ ကျောင်းသူ ၁၇၀ဝ အား နွားနို့နှင့် ပေါင်မုန့်များကို တိုက်ကျွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဌာနများသည် သွန်းဘုရား(အ-မ-က)၊ ရေဝိုင်ပိုင်း (အ-မ-က)၊ ပန်းဧရာ(အ-မ-က)နှင့် မြေနုကျွန်း (အ-မ-က) ကျောင်းများတွင်လည်း နို့တိုက်ကျွေးရေး အစီအစဉ် (School Milk Program) အဖြစ် နွားနို့နှင့် ပေါင်မုန့်များကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝဠာနိုင်(ညောင်တုန်း)        

IPRD-Nyaungdon 1 (1)IPRD-Nyaungdon 1 (4)IPRD-Nyaungdon 1 (6)