ညောင်တုန်းမြို့ ကမ်းပြိုမှုစိုးရိမ်ရသည့် အခြေအနေမရှိအောင် ရေးဆွဲထားသည့်ဒီဇိုင်းအတိုင်း ရေရှည်တည်တံ့ ခိုင်ခံ့အောင် ဂရုပြုဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၈

 

ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ    ရေတိုက်စား ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ   ပြည်ထောင်စုဝန်ကြီး သည် ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက် ရန်ကင်းစံရာကူးတို့ဆိပ် ၏  အောက်ဘက် တွင်   ကမ်းပါး မြေသားနိမ့်ကျမှု ဖြစ်ပေါ်နေသော နေရာ၌     အခိုင်အမာကာကွယ် ရေးလုပ်ငန်းများ  မဆောင် ရွက်နိုင်မီ ကမ်းပါးပြိုကျမှုသက်သာစေရန် ယာယီကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို   ကြည့်ရှုစစ်ဆေး ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ယာယီ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကမ်းပါး ရေရှည်တည်တံ့မည့်   အခိုင်အမာ ကာကွယ်ရေးအတွက်    Deep Foundation   အမျိုးအစားကို အခြေခံ၍ Bore Pile အခြေပြု ကျောက်ပြားကပ်တမံ     တည် ဆောက်ရေးအတွက် ဆောင်ရွက် မည့် ဒီဇိုင်းပုံစံများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက     ညောင်တုန်းမြို့ ကမ်းပြိုမှုအတွက်   စိုးရိမ်ရသည့် အခြေအနေမရှိအောင် ရေးဆွဲထားသည့် ဒီဇိုင်းအတိုင်း စံချိန်စံညွှန်း ပြည့်မီအောင်နှင့် ရေရှည်တည်တံ့ ခိုင်ခံ့အောင်  စနစ်တကျ ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့  စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဧည့်ရိပ်သာတွင် ဟင်္သာတမြို့ရှိ ဝန်ကြီးဌာနလက်အောက်မှ ဌာနများမှဝန်ထမ်းများနှင့် တွေ့ဆုံပြီး  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ ရုံးဌာနများနှင့် ဝန်ထမ်း လိုင်းခန်းများ   သန့်ရှင်းသာယာအောင်  ဆောင်ရွက်ရေး၊ မိမိဌာန၏ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းထမ်းဆောင်ကြရေး၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အသိ လုံခြုံရေးသတိရှိစွာ တာဝန် ထမ်းဆောင်ကြရေးတို့ကို လမ်းညွှန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်   လေးမျက်နှာမြို့ နယ်ရှိ   သမိုင်းဝင် စတုမုခထူပါရုံ စေတီတော်ကြီး          တည်ရှိရာ ကမ်းပါးအား        ငဝန်မြစ်ရေ တိုက်စားမှုကြောင့်     ကမ်းပါးပြိုမှု ကာကွယ်ရေး     လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စေတီတော်မြတ်ကြီး အား  ရေတိုက်စားမှုမှ  ကာကွယ်နိုင်ရန် ငဝန်မြစ်ရေလမ်းကြောင်း အား  ပြုပြင်ထိန်းသိမ်းရေး ရေလွှဲ ရေကာနံရံများ တည်ဆောက်ခြင်း၊ သောင်တူးဖော်ခြင်း၊ အခြေထိန်း Bore   Pile  တည်ဆောက်ခြင်း၊ ကမ်းပါးဆင်ခြေလျှောတွင်  Geo Bag   များ   ချခင်းခြင်းလုပ်ငန်းများကို     ကြည့်ရှုစစ်ဆေး ကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ပြီး ကမ်းပြိုမှု များမဖြစ်စေရေး   စနစ်တကျ ဆောင်ရွက်သွားရန်  မှာကြားသည်။   

 သတင်းစဉ်