ညောင်ရွှေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည့် တရုတ်နိုင်ငံသူ ကျန်းမာရေးကောင်းမွန်မှုကြောင့် ဆေးရုံမှဆင်းခွင့်ပြု

ညောင်ရွှေ ၂၈ ဇန်နဝါရီ

ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျှော၍ ဖျားနာသဖြင့် ဆေးကုသမှုခံယူခဲ့သည့် တရုတ်နိုင်ငံသူ တစ်ဦးအား စမ်းသပ်စစ်ဆေးမှုများအရ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ညနေပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ရွှေမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသူမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မူလရောဂါနှင့် အခြားရောဂါလက္ခဏာများ တွေ့ရှိခြင်း မရှိသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇန်နဝါရီ ၂၂ ရက်၌ ပေကျင်းမြို့မှ ကူမင်းမြို့သို့ သွားရောက်၍ ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကာ ဇန်နဝါရီ ၂၄ ရက်တွင် အင်းလေးဒေသ ညောင်ရွှေမြို့သို့ ရောက်ရှိတည်းခိုခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဝမ်းပျက်ဝမ်းလျှောနှင့် ဖျားနာမှုဖြစ်ပွားသဖြင့် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။

မြို့နယ် (ပြန်/ဆက်)