ညောင်ရွှေ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းစက်ဘီးစီးနင်းပွဲကျင်းပ

ညောင်ရွှေ   ၂၆   မေ 

 

၂၀၁၉ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်း စက်ဘီးစီးနင်းခြင်းကို ယနေ့ နံနက် ၆ နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့မကျောက်တိုင် ကွင်းအတွင်း၌ ကျင်းပခဲ့သည်။

 

န္တ

 

လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး သေနတ်ပစ်ဖောက်၍ လူထုစုပေါင်း စက်ဘီးစီးနင်းခြင်းကို တာလွှတ်ပေးခဲ့သည်။

 

တန္

 

လူထုစုပေါင်း စက်ဘီးနင်းပွဲတွင် ညောင်ရွှေမြို့နှင့် အနီးတစ်ဝိုက်ရှိ စက်ဘီးစီးအား ကစားသများ၊ ဝါသနာရှင်များ စုစုပေါင်း ၄၅ဝ ခန့် လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

 

တန္

 

အဆိုပါ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN