ညောင်ရွှေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု အင်ကြင်းကုန်းကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နန်းပန်နယ်မြေရဲစခန်းမှ ဒုတိယ ရဲအုပ်မျိုးမင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု အင်ကြင်းကုန်းကျေးရွာအနီး ဟိုတယ်ဇုန်(၄)လမ်းထိပ် လက်ဖက်ရည်ဆိုင်တွင် မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေကြောင်း သတင်းအရ ကိုဇော် (ခ) ဇော်လွင်မိုးအား ဝင်ရောက်ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ  WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀ ပြား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချရန် လက်ဝယ်ထားရှိသူ ကိုဇော် (ခ) ဇော်လွင်မိုးအား နန်းပန်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

မြို့နယ် (ပြန်/ဆက်)