ညောင်ရွှေမြို့နယ်၌ နွေစပါးနှင့် ကြံစိုက်တောင်သူများအတွက် ချေးငွေ ကျပ်သိန်းပေါင်း ၂၀၇၄၇ ထုတ်ချေး

ညောင်ရွှေ ၊ ၂၁    ဇန်နဝါရီ   

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နွေစပါးနှင့် ချက်ကြံတောင်သူများအား ၂၀၂၁ ခုနှစ် မိုးကြိုကာလ ချေးငွေများ ထုတ်ချေးခြင်းကို ဇန်နဝါရီ ၂၀ ရက်က ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

နွေစပါး တစ်ဧက ကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် ၁၁၉၃၂ ဧက၊ ၊ ကြံတစ်ဧက ကျပ် ၁၀ဝ၀ဝ၀ နှုန်းဖြင့် ၂၈၉၄ ဧကကို မြို့နယ်အတွင်းရှိ တောင်သူ ၅၅၀ဝ အတွက် ချေးငွေကျပ်သိန်းပေါင်း ၂၀၇၄၇ အား ယခုနှစ် မတ်လအကုန်တွင် အပြီးထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

တောင်သူ ၂၃၃ ဦးအား ငွေကျပ် ၄၇၂၅၀ဝ၀ဝ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ချေးငွေ၏ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ တောင်သူများ သီနှံပေါ်လျှင် ချေးငွေကို ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ချေးငွေကာလ သတ်မှတ်ပေးထားကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ကျသင့်ဒဏ် အတိုးကို ထပ်ဆင့်ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ စနစ်ကျ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ တောင်သူများ ချေးငွေထုတ်ယူမှု လွယ်ကူအဆင်ပြေစေရန် KBZ Pay စနစ်ဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ညောင်ရွှေမြို့နယ် ဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာစိုးက ပြောပြသည်။

 

စိုင်းအယ်ဘဲ