ညောင်ရွှေ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၅ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၄ ရက် မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့နယ်၊ ပုန့်မူကျေးရွာအုပ်စု၊ မှော်ဘီကျေးရွာအနီးတွင် ဟိန်းမင်းခန့်(ခ)မိုးဒီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၁၉ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းပေါ်တွင် တွေ့ရှိသူ အားဆိုး(ခ)မိုးဇက်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကိုလည်ကောင်း။

 

ထို့အတူ မတ် ၃ ရက် မွန်းလွဲပိုင်းက တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဟွေပူကျေးရွာ၊ လူမနေသော တောင်ယာတဲအနီးမှ ငွေကျပ်သိန်း ၄၂၃ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး မတ် ၄ ရက် နံနက်ပိုင်းတွင် တပ်မတော်မှ အဆိုပါကျေးရွာအနီးတွင် မြေကျင်းတူး၍ မြှုပ်နှံထားသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀၀ နှင့် စိတ်ကြွရူးသွပ်ဆေးအကြေမှုန့် သုည ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား