ညောင်လေးပင်မြို့တွင် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်

ညောင်လေးပင် ၂၅  ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် "လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်း သိကောင်းစရာများ" ခေါင်းစဉ်ဖြင့် ပြည့်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၂၇ရက် နံနက် ၉နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စကားဝိုင်းကို ညောင်လေးပင်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ မြို့နယ်လူငယ်ရေးရာ ကော်မတီ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ကာ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ မြို့နယ်ဉပဒေအရာရှိ ဦးကောင်းမြတ်ဇော်၊ မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စိမ်းသီတာလတ်၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်နွယ်နီလှိုင်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင် ဒေါက်တာမြင့်သန်းတို့က လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်ဉပဒေအကြောင်း၊ လူငယ်နှင့် ဘေးအန္တရာယ်၊ လူငယ်နှင့်ကျန်းမာရေးစသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ပြီး  မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)