နံ့သာတောင်ပညာဒါန ပရဟိတကျောင်းမှ ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်းထိအောင်မြင်

မောင်တော  ၃  ဇွန်

 

ရခိုင်ပြည်နယ် မောင်တောဒေသ နံ့သာတောင်ပညာဒါနပရဟိတကျောင်းမှ ယခုဖြေဆိုအောင်မြင်ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင် သူ ၂၅ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

 

နံ့သာတောင်ပညာဒါနပရဟိတကျောင်းသည် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းကြောင့် မောင်တောမြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ကာ ပညာသင်ကြားခဲ့ရသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

 

အဆိုပါ နံ့သာတောင်ပညာဒါနပရဟိတကျောင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၁၆ ဦးအထိ ရှိခဲ့ပြီး အောင်မြင်သူ ၂၇ ဦး ရှိခဲ့ကာ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။

 

ယခုပညာသင်နှစ်တွင်လည်း မောင်တောမြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ပညာသင်ကြားကာ နံ့သာတောင်ကျေးရွာ တည်ဆောက်ပြီးစီးမှသာ မူလပညာသင်ကြားခဲ့သည့် နံ့သာတောင်ပညာဒါန ပရဟိတကျောင်းသို့ ရွှေ့ပြောင်းပညာ သင်ကြားမည်ဖြစ်ကြောင်းနှင့် လက်ရှိကျောင်းအပ်လက်ခံထားသည့် ကျောင်းသား ကျောင်းသူဦးရေ ၂၀ဝ ကျော်ရှိသွားပြီဖြစ်ကြောင်းလည်း အဆိုပါကျောင်းမှ ဆရာ ဦးထွန်းမင်းနိုင်က ပြောကြားသည်။

 

နိုင်လင်းကြည်၊ ဇင်ဦး