နံပါတ်တစ်နေရာမှာ ရပ်တည်နေဆဲ အိုင်ယူ

၂၅ ဒီဇင်ဘာ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ အိုင်ယူဟာ သူ့ရဲ့ တေးသီချင်းသစ် တစ်ပုဒ်ကို မကြာသေးမီက စတင်ထုတ်လွှင့်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အဆိုပါ တေးသီချင်းသစ်ဟာ စွန်ပီတေးဂီတဇယားမှာ နံပါတ်တစ်နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယခုသီတင်းပတ်မှာလည်း အဆိုပါ တေးသီချင်းဟာ စွန်ပီတေးဂီတဇယားရဲ့ ထိပ်ဆုံးမှာပင် ဆက်လက်ရပ်တည်နေခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အိုင်ယူရဲ့ တစ်ကိုယ်တော်တေးသီချင်းသစ် Blueming ဟာ သီတင်းပတ်နှစ်ပတ်ဆက်တိုက် စွန်ပီတေးဂီတဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နံပါတ်သုံး နေရာမှာရပ်တည်နေတဲ့ MAMAMOဝ ရဲ့ Hip တေးသီချင်းဟာ ယခုသီတင်းပတ်မှာ နံပါတ်နှစ်နေရာကို ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နံပါတ်နှစ်နေရာ ယူထားခဲ့တဲ့ EXO ရဲ့ Obsession တေးသီချင်းဟာ ယခုသီတင်းပတ်မှာ နံပါတ်သုံးနေရာကို ရွေ့သွားခဲ့ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်