နန်းဖဲကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေမှ ကျပ်သိန်း (၅၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်းပြည့်ပြီးစီး

ဘောလခဲ  ၂၀   စက်တင်ဘာ    

 

ကယားပြည်နယ်၊ ဘောလခဲခရိုင် ၊ ဘောလခဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နန်းဖဲကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေမှ ငွေကျပ်သိန်း ၅၀ အား နန်းဖဲကျေးရွာ မြစိမ်းရောင် ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် နန်းဖဲကျေးရွာ ခန်းမဆောင် တွင် လိုအပ်လျက်ရှိသည့် (၂)ခန်းတွဲ အိမ်သာ တည်ဆောက်ခြင်း၊ ဂါလံ (၄၀ဝ)ဆံ့ ရေကန်တည်ဆောက်ခြင်း၊ ပလပ်စတစ်ထိုင်ခုံဝယ်ယူခြင်း၊ သစ်သားစားပွဲဝိုင်း ဝယ်ယူခြင်း၊ သစ်သားကုလားထိုင် ဝယ်ယူခြင်း၊ (၅)ပေ×(၃)ပေ လေးထောင့်စားပွဲ (၁)လုံး တို့ကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၁၀ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဘောလခဲမြို့နယ် ကျေးလက်ဦးစီးမှူး ဦးစံမြထံမှ သိရသည်။

 

၈

 

အဆိုပါ လုပ်ငန်းများပြီးစီးမှုကို ဘောလခဲခရိုင် ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်၊ ဘောလခဲမြို့နယ်ဦးစီးမှူး ဦးစံမြနှင့် တာဝန်ရှိသူတို့က ယနေ့နံနက် (၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းလုပ်ငန်းများ ပြီးစီးခဲ့ခြင်းကြောင့် နန်းဖဲကျေးရွာရှိ ကျေးလက်နေပြည်သူလူထုတို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ပတ်သက်သည့် လုပ်ငန်းများကို ခန်းမဆောင်တွင် ပြုလုပ်ဆောင်ရွက်ရာမှာ များစွာအဆင်ပြေလျက်ရှိကြောင်း နန်းဖဲကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းက ပြောသည်။

 

ကိုစိုင်း (လွိုင်ကော်)