နည်းပညာဝန်ဆောင်မှု အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်း

၂ ဇူလိုင်

 

မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူဗဟိုပြုသော ငွေကြေးဝန်ဆောင်မှုများကို ခေတ်မီနည်းပညာများ အသုံးပြုကာ အစဉ်အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ Myanmar Mobile Money (MMM) နှင့် အကျိုးတူပူးပေါင်း၍ Point of Sale ( POS ) စက်များဖြင့် ငွေလက်ခံပေးခြင်း၊ ငွေထုတ်ပေးခြင်း၊ တယ်လီဖုန်းဘီလ်ဖြည့်တင်းပေးခြင်း၊ Bank to Business Transfer (B2B)၊ အငြိမ်းစား လစာထုတ်ပေးခြင်းစသည့် လုပ်ငန်းစဉ်များကို ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း( ၂၈၁ ) ဘဏ်တွင် Cash Point အဖြစ် MPT, MecTel, Mytel အသုံးပြုသူ Customer များကို မိုဘိုင်းဝန်ဆောင်မှုပေးလျက်ရှိသည်။

 

ထို့အတူ မည်သည့် Sim Card ကိုင်ဆောင်သူကိုမဆို မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပြီး Wave Money, OK$ တို့နှင့်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

သို့ပါ၍ နည်းပညာသည် တစ်နေ့ထက်တစ်နေ့ ပိုမိုသာလွန်ကောင်းမွန်နေသောကြောင့် မြန်မာ့စီးပွားရေးဘဏ်သည် စိတ်ချလုံခြုံပြီး စနစ်ကျသည့် မည်သည့်နည်းပညာကိုမဆို အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသောကြောင့် နည်းပညာကုမ္ပဏီများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ အဆိုပြုကမ်းလှမ်း ဆက်သွယ်နိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးကြေငြာထားကြောင်း သိရသည်။

 

MDN