နမ့်တောစံပြကျေးရွာ မေဃိန္ဒာရာမ ကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် နှီးဘုရားရုပ်ပွားတော်မြတ်ကြီးအား ပူဇော်ပင့်ဆောင်

ဟုမ္မလင်း  ၂၇   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စု နမ့်တောစံပြကျေးရွာရှိ ရွာဦးမေဃိန္ဒာရာမကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် အမြင့်ဉာဏ်တော် ၁၆ ပေခွဲရှိသည့် နှီးဘုရားဆင်းတုတော်မြတ်ကြီးအား ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

အဆိုပါနှီးဘုရားရုပ်ပွားတော်မြတ်ကြီးအား  ရှမ်းပြည်နယ် နမ့်စံမြို့မှ ပင့်ဆောင်ခဲ့ပြီး နမ့်တောစံပြကျေးရွာ မေဃိန္ဒာရာမကျောင်းတိုက်တွင် တည်ထားကိုးကွယ်ရန် ဟုမ္မလင်းမြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တမေဃိန္ဒမှ ဦးစီးဦးဆောင်ပြုကာ ပင့်ဆောင်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း၊ နှီးဘုရားရုပ်ပွားတော်မြတ်ကြီးအား ပူဇော်ပင့်ဆောင်ရာသို့ နမ့်တောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မစကြာဝတ်ရွတ်အသင်းများ၊  သျှမ်းနီ လူငယ်မောင်မယ်များ၊  ကျေးရွာရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက စည်ကားသိုက်မြိုက်စွာဖြင့် နမ့်တောစံပြကျေးရွာအဝင်မှ စောင့်ကြို ပူဇော်ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်

နီတိုး

 

received_2544370535893276