နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး နှိုးဆော်

နမ္မတူ ၂၂ နိုဝင်ဘာ

 

နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆော်ဩဆောင်ရွက်ခြင်းကို နိုဝင်ဘာလ (၂၁)ရက်နေ့ ညနေ (၃)နာရီခွဲခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆော်ဩဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)\