နမ္မတီးဘူတာ၌ မိုင်းရှင်းရထား(APT) ဖြင့် တရားမဝင်တင်ဆောင်လာသည့် ကျွန်းတံခါးချပ်များ သိမ်းဆည်းရမိ

နမ္မတီး  ၁ ဇူလိုင် 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဘူတာ၌ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက မိုင်းရှင်းရထား(APT) ဖြင့် တရားမဝင်သယ်ဆောင်လာသည့် ကျွန်းတံခါးချပ်နှင့် ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

7070

 

ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက  မိုင်းရှင်းရထား(APT)ဖြင့် တရားမဝင်ကျွန်းသစ်တံခါးချပ်များ သယ်ဆောင်လာမည့်သတင်းအရ နမ္မတီးဘိနယ်တာဝန်ခံ တောအုပ်ကျော်နိုင်ဝင်း၊ နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်နှင့် တာဝန်ရှိသူများသည် နမ္မတီးဘူတာသို့ ဆိုက်ရောက်လာသည့် မိုင်းရှင်းရထား(APT)အား စစ်ဆေးရှာဖွေရာ သံချပ်ကာတွဲပေါ်တွင် နန့်စီးအောင်မှ မြစ်ကြီးနားသို့ပို့ဆောင်မည့် လေးပေကျွန်းတံခါးချပ် ၁၁၇ ချပ်၊ ခြောက်ပေတံခါးချပ် ၁၃ ချပ်၊ ပေပျဉ်ဆိုဒ်စုံ ၈၀ ချပ်တို့ကို တရားမဝင်တင်ဆောင်လာသည်ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)