နမ့်ခမ်းမြို့နယ်တွင် ဓာတ်ဆီ၊ ဒီဇယ် ဆီလှောင်ကန်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား

နမ့်ခမ်း ၁၀ ‌မေ  

မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဝိန်းဆာရပ်ရှိ ဦးညိုမောင်(ခ)ဦးမောင်ညီ၏ ဓာတ်ဆီ၊ ဒီဇယ်သိုလှောင်ဂိုဒေါင်မှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် မီးလောင်မှု စတင်ဖြစ်ပွား‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးညိုမောင်(ခ)ဦးမောင်ညီ၏ ဓာတ်ဆီ၊ ဒီဇယ်သိုလှောင်ဂိုဒေါင်မှ (၁၂)ဘီးယာဉ်ဖြင့် ဓာတ်ဆီများချပြီး ပြန်လည်ထွက်ခွာစဉ် ဦးညိုမောင်(ခ)ဦးမောင်ညီက ဆီကန်အတွင်းရှိ ဆီပိုက်အား ဆွဲနုတ်ရာမှ ပိုက်ကန်နှုတ်ခမ်းနှင့် ပွတ်တိုက်မိပြီး မီးပွားကျ၍ ဆီလှောင်ကန်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

mdn

 

မီးလောင်ကျွမ်းမှုကြောင့် မော်တော်ယာဉ်တစ်စီး၊ ဒီဇယ်ပီပါ အလုံး ၆၀ ခန့်၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ် အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ဘေးပတ်ဝန်းကျန်နေအိမ်များ ကူးစက်လောင်ကျွမ်းမှု မရှိကြောင်းနှင့် လူ၊ တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 

mdn

 

မီးလောင်နေစဉ် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ်၊ မန်ဝိန်းကြီးကျေရွာနှင့် မူဆယ်မြို့၊ နမ့်ခမ်းမြို့များမှ မီးသတ်ကားများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းမီးသတ်ကား ၂၂ စီးနှင့် လူအင်အား ၆၀ဝ ခန့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN