နမ့်ခမ်းမြို့ မဘိမ်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်    ၁၃     ဇွန် 


    
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၂ ရက် ည ၉ နာရီခွဲက နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်နေ မချောက်မွှေ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ မီးဖိုချောင် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀ဝ ကိုလည်းကောင်း ၊ 


    
ထို့အတူ ယင်းနေ့နံနက် ၉ နာရီခွဲတွင် ငါးအိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ငါးအိုး-မဘိမ်းသွားကားလမ်း၊ သရက်ပင်ခေါင်းပေါက်လမ်းဆုံတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဆာလာအိတ် ၂ လုံးအားတွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ အိတ် အတွင်းမှ ဆပ်ပြာခွက် ၁၁၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁ ဒသမ ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀ဝ၀ တို့ကို လည်းကောင်း၊ 


    
အလားတူ ဇွန် ၁၁ ရက် နံနက် ၁၁ နာရီက တပ်မတော်မှ နောင်ချိုမြို့နယ်၊ ကျောက်ကြီး ကျေးရွာအုပ်စု၊ သဲခေါ်ကျေးရွာအနီး၊ ဟိုခို-သဲခေါ်သွားကားလမ်းမပေါ်တွင် ဟွမ်လှိုင်းခေး(ခ) အောင်ဖြိုးဝေ(ခ)ဟော်လိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၈၉၀၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၄၀,ဝ၀ဝ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

 

MDN