နမ့်စန်တွင် မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ကုသပေး

နမ့်စန် ၂၈ ဧပြီ

 


ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ကုသပေးခြင်းအား ဧပြီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ddd

 


တောင်ကြီးမြို့စဝ်စံထွန်း ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသင်္ဂီဝင်း၊ တောင်ကြီးမြို့ မေတ္တရှင်ပရဟိတအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်စိုးနှင့် တာဝန်ရှိသူများပါဝင်သော နယ်လှည့်မျက်စိစမ်းသပ် စစ်ဆေးကုသရေးအဖွဲ့က နမ့်စန်မြို့နယ်ရှိ မျက်စိဝေဒနာရှင်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့စမ်းသပ်ကုသပေး၍ မျက်မှန်နှင့် ဆေးဝါးများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်မြသိန်းနှင့် လူမှုကူညီရေးအသင်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

dse

 


နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ မျက်စိလာရောက်ပြသသူ ၃၅၆ ဦးရှိပြီး မျက်စိခွဲစိတ်ရမည့်လူနာ ၂၈ ဦးကို မေလအတွင်း တောင်ကြီးမြို့တွင် ဆက်လက်ခွဲစိတ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


သူရအောင်(ပြန်/ဆက်)

 

eee