နမ့်စန်၊ ဟိုပုံး၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၅ ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက နမ့်စန်မြို့နယ်၊ ဝမ်ကျီးအစ်ကျေးရွာအနီး၊ နမ့်စန်-ပန်လင်းဆိုင် ကျေးရွာသွားလမ်းတွင် စိုင်းပန်းလူ မောင်းနှင်ပြီး စိုင်းလုံလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၃၃ ပြားကို လည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီက ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ညောင်ဖြူးကျေးရွာအနီး၊ ဟိုပုံး-တောင်ကြီးသွားကားလမ်း၊ နေမင်းရောင် တိုးဂိတ်အနီးတွင် ခွန်ထွန်းဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀ ကိုလည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် တင့်ဝေဦး(ခ)လူလူ မောင်းနှင်ပြီး ဝင်းအောင်(ခ)ဝဏ္ဏစိုး လိုက်ပါလာသည့် Nissan Wingroad အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား