နမ့်ဆန်၌ ကျောင်းပေါင်းစုံ မီနီမာရသွန် အပြေးပြိုင်ပွဲပြုလုပ်

နမ့်ဆန် ၇ မတ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းပေါင်းစုံ မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီက အထက(၁)ကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသား ၈၀ နှင့် အမျိုးသမီး ၅၀၊ စုစုပေါင်း(၁၃၀)ဦး ပါဝင်ယှဉ်ပြိုင်ပြီး အမျိုးသား ပထမဆုကို မောင်စန်းနိုင်အောင် ဘန်ကောက် အလကခွဲကျောင်း၊ ဒုတိယဆုကို မောင်မိုးအောင် ဇယန်းအလကကျောင်း၊ တတိယဆုကို မောင်အောင်နိုင်ဝင်း အထက(၁)ကျောင်းနှင့် အမျိုးသမီး ပထမဆု မလှိုင်ဇင်ဖြိုး ထခွဲ အလက(၁)ကျောင်း၊ ဒုတိယဆု  မနှင်းအိအိနိုင် အထက(၁)ကျောင်း၊ တတိယဆု မအိခိုင်ဖြိုး ဘန်ကောက် အလကခွဲကျောင်းတို့က အသီးသီးရရှိပြီး ဆုများကို မြို့နယ်တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)