နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ယနေ့နံနက်(၁၀)နာရီက   စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာကြည့်တိုက်အကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ပြင်ပဗဟုသုတတိုးပွာလာပြီး မိမိတို့၏ဘဝကို အထောက်အကူပြုစေနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာကြည့်တိုက်မှူး(စာထောက်-၃)က စာရေးဆရာ ဉမ္မာကြူ ရေးသားသည့် “ တို့ပတ်ဝန်းကျင် ချစ်ခင်ကြပါစို့” ခေါင်းစဉ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းအပြီးတွင် ကျောင်းသား/ကျောင်းသူများအား မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။
 
 
ဦးအောင်မိုး (နမ့်ဆန် ပြန်/ဆက်)