နှလုံးသားနဲ့ အနီးဆုံး ဇာတ်လမ်းတွဲရိုက်နေ့တဲ့

MRTV-4V ဇာတ်လမ်းတွဲမှ သရုပ်ဆောင်ကောင်းမြတ်စံနဲ့ တွေ့ဆုံမေးမြန်းခြင်း

 


မေး-။ ။လတ်တလော အနုပညာလူပ်ရှားမူနဲ့ပတ်သက်ပြီးသိချင်ပါတယ်။

 


ကောင်းမြတ်စံ။ ။ကျွန်တော်အခု အမ်တီဗီ ရိုက်နေတယ်။ show ပွဲတွေမှာ လျှောက်တယ်။ ဇာတ်လမ်းတွဲ နှလုံးသားနဲ့ အနီးဆုံး ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်နေပါတယ်။

 


မေး။ ။ဒီဇာတ်လမ်းတွဲမှာဘယ်လို ကာရိုက်တာမျိုး သရုပ်ဆောင်ရမှာလဲ။

 


ဖြေ။ ။အဲ့ဒီမှာက ကျွန်တော်က Art ဒါရိုက်တာပေါ့။ production တစ်ခုရဲ့ Art ဒါရိုက်တာပေါ့။ စက်တင်ဒီဇိုင်းတွေ ကျွန်တော်က လုပ်တယ်။ စိတ်ထားကောင်းတယ်။ သူတစ်ပါးကို ကူညီတတ်တဲ့ ၊ရန်ဆိုရင်လည်း အတတ်နိုင်ဆုံး ရှောင်တဲ့ ကောင်လေး ၊စိတ်ထားကောင်းတဲ့ကောင်လေး၊ အလုပ်ကြိုးစားတဲ့ ကောင်လေး တစ်ယောက်အနေနဲ့ လာမှာပါ။ ဒီမှာမှ ဖြစ်ပျက်တဲ့ လှည့်ကွက်တွေကတော့ ပရိသတ်ကြီး လာမှပဲ မြင်ရမှာပါ။ 

 


မေး။ ။ ဒီဇာတ်လမ်းတွဲမှာ တခြားဘယ်သူတွေ ပါဦးမလဲ ။

 


ဖြေ။ ။ မင်းသမီး အနေနဲ့က နန်းစန္ဒာလှထွန်း၊ ညီလေးတွေအနေနဲ့ စွမ်းထက်ညီညီ ပါမယ်။ မေဧကရီထူး၊ ကိုမာန်ဟိန်း ၊ သီဟ ပါမယ်။ ဝါရင့် သရုပ်ဆောင် တွေဆို ညီနန္ဒ၊ လင်းဇာခြည်ကျော် ပါမယ်။ ပြီးရင် ဟဲဗီးဖြိုးလေးနဲ့ ပိုင်အုပ်စိုးအောင် လေးလည်းပါမယ်။ အဲဒါတွေက သေချာသလောက်ပါမယ့်သူတွေပါ။ 

 


မေး ။ ။ဇာတ်လမ်းတွဲထဲမှာ ကောင်းမြတ်စံအနေနဲ့ ကာရိုက်တာကို ထူးထူးခြားခြား ပြင်ဆင်ရတာမျိုး ရှိလား။

 


ဖြေ။ ။ ထူးထူးခြားခြား ပြင်ဆင်ရတဲ့အပိုင်းတော့ သိပ်မရှိပါဘူး။ ဘာလို့လည်း ဆိုရင် ကျွန်တော်တို့ အမ်အာတီဗီဖိုးက ဇာတ်ကောင်ရွေးပြီဆိုရင်လည်း ဒီကာရိုက်တာနဲ့ လိုက်တဲ့ သရုပ်ဆောင်ကို ရွေးတာများတယ်ဆိုတော့ အပြင်ကအတိုင်းပဲ လုပ်သွားရုံပါပဲ။  

 


မေး ။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 


အိမို့မို့ခိုင်