နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၀၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီ ၂၉

စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၀၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၀၉) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၁၀၉) ဦး၊ သင်တန်းသူ (၂၂၆) ဦး၊ စုစုပေါင်း (၃၃၅) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ရက်သတ္တ (၁၀) ပတ်ကြာ တက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်