နိုင်ငံတကာက ဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Crystal Angel International World အလှမယ်ရွေးချယ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

မန္တလေး ၁၃ ဒီဇင်ဘာ

 

နိုင်ငံတကာက ဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Crystal Angel International World အလှမယ်ရွေးချယ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့မှာ လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံရဲ့ World Pageant ပွဲကြီး တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံသားပိုင် Crystal Angel of Myanmar Organization က ဆောင်ရွက်ခြင်းဖြစ်သည်။ 

 

‘Crystal Angel ရဲ့အဓိက ရည်ရွယ်ချက်က အမျိုးသမီးနဲ့ကလေးငယ် စောင့်ရှောက်ရေး ရည်ရွယ်ထားပါတယ်။ Crystal Angel of Myanmar Organization ၂၀၁၈ မှာစတင်ဖွဲ့စည်း ခဲ့တာဖြစ်ပြီးတော့ ပထမဆုံးပွဲအနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်’ဟု Crystal Angel of Myanmar Organization တည်ထောင်သူ ကိုခွန်းဆက်ဟန်က ပြောပါတယ်။

 

Miss Crystal Angel International World အလှမယ်ရွေးချယ်ပွဲကြီးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်မှာ မန္တလေးမြို့ ဒိုင်းမွန်းပလာဇာအပေါ်ထပ်မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ၃ ဦးကိုရွေးချယ်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံပေါင်း ၂၀ တွင် တစ်နိုင်ငံကို အလှမယ် နှစ်ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

Miss Crystal Angel International World အလှမယ်ရွေးချယ်ပွဲကြီးတွင် winner ဆုအပြင် အခြား ဆုများလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။ 

 

အိမို့မို့ခိုင်
ဓါတ်ပုံ- Miss Crystal Angel International World