နိုင်ငံတော်ပြတင်းပေါက်စနစ် Blueprint ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် အဖွဲ့ဝင်နိုင်ငံများကြား ချိတ်ဆက်အသုံးပြုမည့် အာဆီယံပြတင်းတစ်ပေါက် စနစ်သို့ ဝင်ရောက်ချိတ်ဆက်အသုံးပြုနိုင်ရေး၊ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် ပေါ်ပေါက်လာစေရေးအတွက် Blueprint ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်မှ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် Blueprint ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် တွေ့ရှိချက်များ၊ အကြံပြုတင်ပြချက်များနှင့် တက်ရောက်လာကြသည့် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်း များနှင့် INGO ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြမှုအပေါ် နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် ဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြည့်စွက်လမ်းညွှန်မှုများ ပြောကြားသည်။ နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ Blueprint ကို ယခုလတွင် အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဌေးနိုင်